ရော့ခ်သီတင်းပါတ်ကို သိမ်းပိုက်ခဲ့သူ မြန်မာအိုင်ဒေါပြိုင်ပွဲဝင် အက်စတာ ဒေါ့သ်ချင်းဆုန်(ရုပ်သံ)

“ဟေ့ လှမ်းပြီး ကြည့်တယ်… မင်း မျက်လုံးတွေ ဘယ်လိုလဲ… ရင်ကိုဖွင့် လိုက် စမ်း… နှုတ်ခမ်းလေး ရဲရဲရင့်ရင့်… ဖွင့်ဟလိုက်ပါ ဟန်မဆောင်နဲ့… ရင်ဖွင့်လို့ ပြော လိုက်စမ်း… ညတိုင်းပဲ မင်းလေး… အိပ်မက်မက်တာ ဘယ်သူလဲ… ရင်ကိုဖွင့်လိုက်စမ်း”

ဒါကတော့ တချိန်က ရော့ခ်သီချင်းတွေနဲ့ ဂီတလောကမှာ နာမည်ကြီးခဲ့တဲ့ ကော်နီ ရဲ့ “ရင်ကိုဖွင့်လိုက်စမ်း”သီချင်းထဲက တေးသွားတွေဖြစ်ပြီး ခုတခါမှာတော့ မြန်မာအိုင် ဒေါရဲ့ ပြိုင်ပွဲဝင်တဦးက စင်မြင့်ထက်မှာ ပုံစံတမျိုးနဲ့ ဖျော်ဖြေမှုကို ပရိသတ်တွေက ရှု စားခဲ့ကြရတာပါ။

ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ နာမည်ကြီးသီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲ Season 4 ရော့ခ်သီတင်းပါတ်ကိုတော့ မနေ့ညက ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် ၁၀ ဦးက အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ကော်နီရဲ့ “ရင်ကိုဖွင့်လိုက်စမ်း”သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့သူကတော့ ပြီးခဲ့တဲ့ Performance Show မှာ ပရိသတ်ပေးတဲ့ Voting အများဆုံးနဲ့ နောက်တဆင့် တက်လှမ်း နိုင်ခဲ့တဲ့ အက်စတာဒေါ့သ်ချင်းဆုန်ပဲ ဖြစ်ပါတယ်။

“ဦးနှောက်ထဲ မင်း အမြဲ ရေးသားထားတာ… ဘယ်သူ့နာမည်လဲ… မင်းလေးဖွင့် ပြောစမ်း… ရင်ကို ဖွင့် လိုက်စမ်း… ဖွက်ထားတဲ့ နှလုံးသားလေး… ထုတ်ပြလိုက်ဟေ့… ရင်ကိုဖွင့် လိုက်စမ်း… အချစ်ရဲ့ သဲလွန်စများ အားလုံးပဲ… မင်း မျက်လုံးထဲ တို့မြင်နေ… မင်းလေးဖွင့်ပြောစမ်း”

ချင်းတိုင်းရင်းသူလေး အက်စတာဟာ ဒီသီချင်းကို သူ့ရဲ့ ကိုယ်ပိုင်ဟန်နဲ့ လှလှပပ သီဆိုပြသွားခဲ့ပြီး မြူးကြွတဲ့ မယ်လိုဒီတေးသွားတွေနဲ့အတူ ဒိုင်တွေကိုရော ပရိသတ်တွေ ကိုပါ သီချင်းဆုံးတဲ့ အချိန်ထိ ဖမ်းစားထားနိုင်ခဲ့တာကို တွေ့ရပါတယ်။

Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အ ဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်အမှတ်ပေးနေ ကြတာဖြစ်ပြီး Host အနေနဲ့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်က တင်ဆက်ပေးနေတာပါ။

လတ်တလောမှာတော့ ပြိုင်ပွဲဝင်တွေကို မဲပေးရွေးချယ်နိုင်မယ့် Voting Line တွေ ကို ဖွင့်ထားပေးပြီး MPT, Ooredoo နဲ့ Mytel စတဲ့ ကြိုက်နှစ်သက်ရာ ဖုန်းလိုင်းတွေက တဆင့်လည်း Vote ပေးနိုင်မှာ ဖြစ်ပါတယ်။

အက်စတာရဲ့ Voting No. ကတော့ 77708 ဖြစ်ပြီး ဒီကနေ့ညနေ ၆ နာရီအထိ မဲ ပေးရွေးချယ် အားပေးနိုင်မှာ ဖြစ်ပါတယ်။

Top Finalists ၁၁ ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်းပါတ် Performance Show မှာတော့ ပြိုင်ပွဲဝင်တွေထဲက ခြူးစစ်ဟန်က ထွက်ခွာသွားခဲ့ရတာမို့ ခုညနေ Result Show မှာရော ဘယ်ပြိုင်ပွဲဝင်တွေက နောက်တဆင့် တက်သွားမလဲ၊ ဘယ်သူတွေကတော့ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားရမလဲဆိုတာကိုတော့ စောင့် မျှော်ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။

“ေဟ့ လွမ္းၿပီး ၾကည့္တယ္… မင္း မ်က္လုံးေတြ ဘယ္လိုလဲ… ရင္ကိုဖြင့္ လိုက္ စမ္း… ႏႈတ္ခမ္းေလး ရဲရဲရင့္ရင့္… ဖြင့္ဟလိုက္ပါ ဟန္မေဆာင္နဲ႔… ရင္ဖြင့္လို႔ ေျပာ လိုက္စမ္း… ညတိုင္းပဲ မင္းေလး… အိပ္မက္မက္တာ ဘယ္သူလဲ… ရင္ကိုဖြင့္လိုက္စမ္း”

ဒါကေတာ့ တခ်ိန္က ေရာ့ခ္သီခ်င္းေတြနဲ႔ ဂီတေလာကမွာ နာမည္ႀကီးခဲ့တဲ့ ေကာ္နီ ရဲ႕ “ရင္ကိုဖြင့္လိုက္စမ္း”သီခ်င္းထဲက ေတးသြားေတြျဖစ္ၿပီး ခုတခါမွာေတာ့ ျမန္မာအိုင္ ေဒါရဲ႕ ၿပိဳင္ပြဲဝင္တဦးက စင္ျမင့္ထက္မွာ ပုံစံတမ်ိဳးနဲ႔ ေဖ်ာ္ေျဖမႈကို ပရိသတ္ေတြက ရႈ စားခဲ့ၾကရတာပါ။

ပရိသတ္အားေပးမႈ အခိုင္အမာရရွိထားတဲ့ နာမည္ႀကီးသီခ်င္းဆိုၿပိဳင္ပြဲတခုျဖစ္တဲ့ ျမန္မာအိုင္ေဒါ သီခ်င္းဆိုၿပိဳင္ပြဲ Season 4 ေရာ့ခ္သီတင္းပါတ္ကိုေတာ့ မေန႔ညက က်င္းပခဲ့ၿပီး ၿပိဳင္ပြဲဝင္ ၁၀ ဦးက အႀကိတ္အနယ္ ယွဥ္ၿပိဳင္ခဲ့ၾကတာ ျဖစ္ပါတယ္။

ေကာ္နီရဲ႕ “ရင္ကိုဖြင့္လိုက္စမ္း”သီခ်င္းနဲ႔ ယွဥ္ၿပိဳင္ခဲ့သူကေတာ့ ၿပီးခဲ့တဲ့ Performance Show မွာ ပရိသတ္ေပးတဲ့ Voting အမ်ားဆုံးနဲ႔ ေနာက္တဆင့္ တက္လွမ္း ႏိုင္ခဲ့တဲ့ အက္စတာေဒါ့သ္ခ်င္းဆုန္ပဲ ျဖစ္ပါတယ္။

“ဦးေႏွာက္ထဲ မင္း အၿမဲ ေရးသားထားတာ… ဘယ္သူ႔နာမည္လဲ… မင္းေလးဖြင့္ ေျပာစမ္း… ရင္ကို ဖြင့္ လိုက္စမ္း… ဖြက္ထားတဲ့ ႏွလုံးသားေလး… ထုတ္ျပလိုက္ေဟ့… ရင္ကိုဖြင့္ လိုက္စမ္း… အခ်စ္ရဲ႕ သဲလြန္စမ်ား အားလုံးပဲ… မင္း မ်က္လုံးထဲ တို႔ျမင္ေန… မင္းေလးဖြင့္ေျပာစမ္း”

ခ်င္းတိုင္းရင္းသူေလး အက္စတာဟာ ဒီသီခ်င္းကို သူ႔ရဲ႕ ကိုယ္ပိုင္ဟန္နဲ႔ လွလွပပ သီဆိုျပသြားခဲ့ၿပီး ျမဴးႂကြတဲ့ မယ္လိုဒီေတးသြားေတြနဲ႔အတူ ဒိုင္ေတြကိုေရာ ပရိသတ္ေတြ ကိုပါ သီခ်င္းဆုံးတဲ့ အခ်ိန္ထိ ဖမ္းစားထားႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။

Myanmar Idol Season 4 သီခ်င္းဆိုၿပိဳင္ပြဲရဲ႕ ဒိုင္ေတြအေနနဲ႔ အခုႏွစ္မွာေတာ့ အ ဆိုေတာ္ ေအာင္ကိုလတ္၊ တင္ဇာေမာ္နဲ႔ ျဖဴျဖဴေက်ာ္သိန္းတို႔က အကဲျဖတ္အမွတ္ေပးေန ၾကတာျဖစ္ၿပီး Host အေနနဲ႔ Myanmar Idol Season ၃ ခုလုံးမွာ ပါဝင္တင္ဆက္ေပးခဲ့တဲ့ ေက်ာ္ထက္ေအာင္က တင္ဆက္ေပးေနတာပါ။

လတ္တေလာမွာေတာ့ ၿပိဳင္ပြဲဝင္ေတြကို မဲေပးေ႐ြးခ်ယ္ႏိုင္မယ့္ Voting Line ေတြ ကို ဖြင့္ထားေပးၿပီး MPT, Ooredoo နဲ႔ Mytel စတဲ့ ႀကိဳက္ႏွစ္သက္ရာ ဖုန္းလိုင္းေတြက တဆင့္လည္း Vote ေပးႏိုင္မွာ ျဖစ္ပါတယ္။

အက္စတာရဲ႕ Voting No. ကေတာ့ 77708 ျဖစ္ၿပီး ဒီကေန႔ညေန ၆ နာရီအထိ မဲ ေပးေ႐ြးခ်ယ္ အားေပးႏိုင္မွာ ျဖစ္ပါတယ္။

Top Finalists ၁၁ ေယာက္ ပါဝင္ယွဥ္ၿပိဳင္ခဲ့တဲ့ ၿပီးခဲ့တဲ့ သီတင္းပါတ္ Performance Show မွာေတာ့ ၿပိဳင္ပြဲဝင္ေတြထဲက ျခဴးစစ္ဟန္က ထြက္ခြာသြားခဲ့ရတာမို႔ ခုညေန Result Show မွာေရာ ဘယ္ၿပိဳင္ပြဲဝင္ေတြက ေနာက္တဆင့္ တက္သြားမလဲ၊ ဘယ္သူေတြကေတာ့ ၿပိဳင္ပြဲကေန ႏႈတ္ဆက္ထြက္ခြာသြားရမလဲဆိုတာကိုေတာ့ ေစာင့္ ေမွ်ာ္ၾကည့္ရႈၾကရေတာ့မွာ ျဖစ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*