ပရိသတ်တွေမသိကြသေးတဲ့ မြန်မာအိုင်ဒေါက အက်စတာလေးရဲ့ ရင်နာစရာ ဘဝဇာတ်ကြောင်း

ပရိသတ်ကြီးရေ ၊ မျက်ရည်လွယ်လွန်းလို့ မျက်ရည်ချူတတ်သူတစ်ယောက် အဖြစ် ကျော်ကြားခဲ့တဲ့ အိုင်ဒေါမလေး အက်စ်တာ တစ်ယောက် မနေ့ညက လည်း ဆွေး သီချင်းလေးနဲ့ အကောင်းဆုံး ဖျော်ဖြေပြခဲ့ပါတယ် ။ အက်စတာလေးရဲ့ မျက်ရည်ချူခြင်းမဟုတ်တဲ့ ရင်နာစရာ ဘဝဇာတ်ကြောင်း ကို ပရိသတ်တစ်ယောက်က ဖွင့်ချလာခဲ့ပါတယ်။

‎Kyaw Thura Htun အကောင့်ပိုင်ရှင်က “အက်စတာတို့က ချို့တဲ့တယ်အဖေက မိရိုးဖလာ နာရီပြင်တဲ့အလုပ် လုပ်တယ် အက်စတာတို့ မောင်နှမက လေးယောက်၊ အနူး(ခ) အက်စတာက အကြီးဆုံးသူတို့ဖေနဲ့မေက ငယ်လင်ငယ်မယားမို့ မိသားစုကလည်း သိပ်ချစ်ကြတာချင်းပြည်နယ်မှာနေတုန်းက အတူသွားအတူစား၊ ဆိုင်ကယ်အစုတ်ကြီးနဲ့ အပြင်ထွက်ကြရင် လူခြောက်ယောက် ဆိုင်ကယ်နဲ့မဆန့်လို့ နှစ်ခါခွဲသယ်ရတာအက်စတာက ငယ်ငယ်လေးကတည်းက သီချင်းဆိုရတာကို ရူးသွပ်ခဲ့တာ ဘုရားကျောင်းကအစ ချင်းတိုင်းရင်းသားပြိုင်ပွဲတွေအလယ် ဗမာသံဆိုကရေးတီးအဆုံး ထူးချွန်ဆု ရခဲ့တာချည်းပဲ သူ့အရည်အချင်းကိုသိလို့ အသင်းတော်ရဲ့အစီအစဉ်နဲ့ အရှေ့တိုင်းရော အနောက်တိုင်းပါမကျန် နိုင်ငံတကာမှာ ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတော်ကို ချီးမွန်း ဖျော်ဖြေခဲ့ဘူးတယ်အက်စတာလေး တက္ကသိုလ်တက်ရတော့ ရန်ကုန်မှာ အဆောင်နေရတယ်။

သားသမီး‌တွေကို ပညာတတ်ဖြစ်စေလိုတဲ့ ဖခင်ဖြစ်သူဟာလည်း မိသားစုနဲ့ခွဲခွာပြီး တိုင်းတပါးမှာ အလုပ်ထွက်လုပ်ရတယ်။ အရင်က မခွဲတမ်းအတူတူနေခဲ့ကြတဲ့ မိသားစုလေးဟာ ပညာရေး စီးပွားရေးအခြေအနေတွေကြောင့် တကွဲတပြားစီပေါ့။ အဲသည်အချိန်မှာ ချင်းတောင်မှာကျန်ခဲ့တဲ့ အက်စတာလေးရဲ့အမေဟာ လေဖြန်းသွားခဲ့တယ်။ အဲသာကြောင့် အဖေပြန်လာရင် မိသားစုအတူတူ မြန်မာပြည်အနှံ့ လည်ကြပါတ်ကြမယ်ဆိုတဲ့ မျှော်လင့်ထားခဲ့တာလည်း အဆင်မပြေဖြစ်ခဲ့ရတယ်ပြောရရင် ယောက်ျားကြီးတန်မဲ့ ဇာတ်နာအောင် လုပ်ဇာတ်ခင်းပြီး ဂွင်ဖန်နေကြတဲ့ ခေတ်ကြီးမှာ မိန်းမငယ်လေးတစ်ယောက်က ဘဝအဆင်မပြေတာ ရင်ဖွင့်ပြတာကို မျက်ရည်ချူတယ်လို့ သမုတ်ကြတာ အံ့ဩဖို့တောင် ကောင်းသေးတော့တယ်။

လူတိုင်းမှာ အခက်အခဲကိုယ်စီရှိကြသလို မျှော်လင့်ချက်ကိုယ်စီလည်း ရှိကြတာပါပဲ။ မိသားစုရဲ့အချစ်ကလွဲရင် အရာရာ မချောမွေ့ခဲ့တဲ့ အက်စတာလေးမှာလည်း မိသားစုနဲ့ ဘဝအတွက်မျှော်လင့်ချက် ကြီးကြီးမါးမါး ရှိမှာပဲ။ ခု မြန်မာအိုက်ဒေါဝင်ပြိုင်ရခြင်းဟာလည်း နောက်ဆုံးကောက်ရိုးမျှင်လေး မဟုတ်ပေမယ့် ‌အက်စတာအတွက် အိပ်မက်အကြီးကြီး‌ကို အကောင်အထည်ဖော်ဖို့ ဂိတ်တံခါးကြီးတစ်ခု ဖြစ်ချင်ဖြစ်နေမှာပဲအက်စတာလေးဟာ ဂီတနဲ့ပါတ်သက်ရင် ငိုလွယ်ရီလွယ် ဝမ်းနည်းလွယ်တယ်။ ဒါပေမယ့် ပြိုင်ပွဲဝင်နေတဲ့ ကာလပါတ်လုံးမှာ သူ့ရဲ့ စီးမျောခံစားသက်ဝင်မှုနဲ့ သီချင်းတွေအပေါ်ရူးသွပ်မှုဟာလည်း ပစ်ပယ်လို့မရအောင် ထင်ရှားပေါ်လွင်ပြီးသားပါ။ အရည်အချင်းရှိသူကို ချီးမြှောက်ရခြင်းဟာ မင်္ဂလာတစ်ပါးပဲ။ဘုရားသခင် ကောင်းချီးပေးပါစေ” ဆိုပြီး We love Group မှာ ရေးသားခဲ့ပါတယ်။

မျက်ရည်လွယ်သူတစ်ယောက် ကို မျက်ရည်ချူတယ် ဆိုပြီး နာမည်ထွက်အောင် ဝေဖန်နေကြသူတွေလည်း အက်စတာလေးရဲ့ အဖြစ်မှန်ကို နားလည်သဘောပေါက်လောက်ပါပြီ ။ အက်စတာလေးကို အားတက်စေမယ့် စကားလေးတွေပြောပြခဲ့ကြပါဦး ။

Source – We Love Esther Dawt Chin Sung (ဆုန်ဆုန်)

Be the first to comment

Leave a Reply

Your email address will not be published.


*